Are we ready?

လွှတ်တဲ့လူတွေလည်း လွှတ်ပြီ။

Sanction ဆိုတဲ့ ပိတ်ပင်ထားတာက လဲ ပြီးတော့မယ်။

ပြန်မေးရမှာက ငါတို့ကရော အဆင်သင့်ဖြစ်နေပြီလား။

 

 

အဆိုးမြင်တာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားတွေ အတွက်စဉ်းစားမိတာပါ။

မကြာခင် နိုင်ငံတကာ က  MNC တွေ၊ NGOs တွေ၊ အားလုံးစုပြီးဝင်လာတော့မယ်။

သူတို့အတွက် လိုတဲ့ အရာတွေစဉ်းစားကြည့်ရအောင်။

၁. အင်တာနက် – အမြန်နှုန်း၊

၂. နိုင်ငံတကာ ဖုန်းခေါ်ခ – အ၀င်၊ အထွက်

၃. စာပို့စနစ် – mail delivery system

၎. ပို့ဆောင်ရေးစနစ်

၅. banking system (for international transfer) –  international money exchange

၆. stock exchange

၇. etc etc

 

အများကြီးရှိပါသေးမယ်။ ဒါပေမယ့် ဒါတွေက အချိန်အနည်းငယ်အတွင်းမှာ ပြင်လို့ရမှာပါ။ we just need investment for our infrastructure. We can recover within 2-4 years.

တကယ်လိုတာက human resource ပါ။

 

သူတို့ဝင်လာရင် သူတို့က သူတို့လူတွေခေါ်လာမှာ။ all the higher management and middle management will be their resources. ကိုယ့်လူတွေ ဘယ်မှာနေရာရမှာလဲ။ အလွန်ဆုံး Middle management ပေါ့။ ပြီးတော့ ရရင်ရော သူတို့ စိတ်တိုင်းကျ လုပ်ပေးနိုင်မှာလား။

 

သူတို့မကြိုက်ရင် middle management မှာ ၀င်လာမှာတွေက Indian တွေ၊ ယိုးဒယား၊ စင်ကာပူတွေ။

ကျွန်တော်တို့ သူတို့လက်အောက်မှာ လုပ်ချင်လား။ ဒါမှ မဟုတ် အဲဒီ middle management တွေ မှာ ကိုယ်တိုင်နေရာရအောင်လုပ်သင့်လား။

 

From my point of view, we should start building our brand. We need to create our own image that our resource are as good as other Asian countries. We need to make sure that all our resources are capable enough and we don’t require people from outside (at least not at middle management level)

မဟုတ်လို့ကတော့ ကိုယ့်နိုင်ငံ မှာ ကိုယ်က အလုပ်လက်မဲ့ဖြစ်မယ်။ အလုပ်ရရင်လည်း စာရေးနေရာ၊ ယဉ်မောင်းနေရာ၊ အထွေထွေဝန်းထမ်းမျိုးတွေ ဖြစ်နေမယ်။

 

ဒီအတွက် အစိုးရရော၊ လူငယ်တွေရော၊ သင်တန်းကျောင်းတွေရော၊ တက္ကသိုလ်တွေရော အားလုံး ပြင်ဆင်သင့်နေပြီ။ နည်းနည်းတော့နောက်ကျနေတယ်၊ ဒါပေမယ့် အားလုံးလက်တွဲပြီးလုပ်ရင် အောင်မြင်မှာပါ။

 

ဥပမာ။ အစိုးရ က ပြင်ပ company တွေလာရင် မြန်မာနိုင်ငံသားဘယ်လောက်တော့ အလုပ်ခန့်ရမယ်။ ရာခိုင်းနှုန်းဘယ်လောက်တော့ ပါရမယ်ဆိုတဲ့ policy မျိုးရှိရမှာပေါ့။  (just my thinking, i believe they have better idea)

တချိန်ထဲမှာ တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေ က capacity building တွေလုပ်ရမယ်။ human resource development တွေ။ language skills တွေ (not only English, but also Chinese, Spanish, etc etc) အားလုံးပေါ့။ မကြာခင် multi-national company တွေ ၀င်လာတော့မယ်။ အားလုံးတက်ညီလက်ညီလုပ်သင့်တဲ့အချိန်ရောက်နေပြီ။

 

ဒါမှလည်း ကိုယ့်နိုင်ငံမှာကိုယ် ကျွန်ပြန်မဖြစ်ဘဲ သခင်လိုနေလို့ရမှာပေါ့။

Once again we have to ask “Are we ready for massive change?”

 

MZL

15-01-2012

“Ask not what your country can do for you – ask what you can do for your country: John F. Kennedy”